"ရွှေမြို့တော်ကြီးဆီသို့ ခရီးစဉ်" လို့ ဆိုရမယ့် The Road to El Dorado (2000) ဟာ ဖြန့်ချိခဲ့စဉ်တုန်းက Box Office မှာ ဝင်ငွေမကောင်းခဲ့ပေမဲ့ နှစ်တွေကြာလာတဲ့အခါမှာတော့ ပရိသတ်တွေကြား ရေပန်းစားပြီး Cult Classic ဖြစ်လာခဲ့တဲ့ DreamWorks ရဲ့ လက်ရာကောင်း အန်နီမေးရှင်းတစ်ခု ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ၁၅၁၉ ခုနှစ် စပိန်နိုင်ငံမှာ အခြေတည်ထားတာပါ။ လမ်းဘေးက လိမ်လည်လှည့်ဖြားပြီး ပိုက်ဆံရှာစားနေတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Tulio နဲ့ Miguel တို့ဟာ အံစာတုံးကစားရင်းနဲ့ ရွှေတွေအပြည့်ရှိတယ်လို့ ဒဏ္ဍာရီလာရှိတဲ့ "El Dorado" ရဲ့ မြေပုံကို မထင်မှတ်ဘဲ ရရှိသွားခဲ့ပါတယ်။
စပိန် သင်္ဘောပေါ် အမှတ်မထင်ပါသွားရင်းကနေ လမ်းမှာ သင်္ဘောပေါ်ကခိုးထွက်ပြီး မြင်းတစ်ကောင်နဲ့အတူ ရွှေမြို့တော်ရှိရာ ကျွန်းကို ရောက်ရှိသွားကြပါတယ်။ မြို့တော်ကို ရောက်တဲ့အခါမှာတော့ ဒေသခံတွေက သူတို့ကို ကောင်းကင်က ဆင်းသက်လာတဲ့ "နတ်ဘုရား" တွေအဖြစ် အထင်မှားပြီး ကိုးကွယ်ကြပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ နတ်ဘုရားအတုအယောင်တွေအဖြစ် ဟန်ဆောင်ရင်း ရွှေတွေကို ယူပြီး ထွက်ပြေးဖို့ ကြံစည်ကြတဲ့အခါမှာ... ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ဟာသနှောပြီး ရင်ခုန်စရာ ရိုက်ကူးထားတာပါ။
အနှစ်ချုပ်ပြောရရင် ဒီဇာတ်ကားဟာ အသက်အရွယ်မရွေး ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုနိုင်တဲ့ Adventure Combo ကားကောင်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ညစ်စရာတွေ ခဏမေ့ပြီး စွမ်းအင်အပြည့်နဲ့ ဟာသအန်နီမေးရှင်းကို ခံစားချင်သူတွေအတွက် မဖြစ်မနေ ကြည့်သင့်တဲ့ ကားတစ်ကား ဖြစ်ပါတယ်။
Rating: 7.5 / 10
AP
Comments: