Three Body Problem ဟာ တရုပ်စာရေးဆရာ Cixin Liu ရဲ့ နာမည်ကြီး ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ TV-series တစ်ခုပါ။ မူလတရုတ်အခြေပြု ဇာတ်လမ်းကို အင်္ဂလန်ကို ပြောင်းပြီး မူလဇာတ်ကောင်တွေကို အစိတ်အပိုင်းအဖြစ်သာ ဖန်တီးထားတဲ့ ဇာတ်ကောင်အသစ်တွေထပ်ထည့်ထားတာကြောင့်၊ ဝတ္ထုကို မဖတ်ဖူးသူတွေအတွက်တော့ ကြည့်ရ အဆင်ပြေမှာပါ။ 3 Body Problem ဟာ မူလစာအုပ်ရဲ့ ဇာတ်ကြောင်းအဓိကအချက်ကိုတော့ သွယ်ဖယ်ထားတာတောမရှိပါဘူး။ ကမ္ဘာအနှံ့ ရှိနေတဲ့ သိပ္ပံပညာ လက်တွေ့စမ်းသပ်မှုတွေ၊ နာမည်ကြီးသိပ္ပံပညာရှင် အများအပြား သေဆုံးသွားမှုတွေ၊ VR ဗီဒီယိုဂိမ်းတစ်ခု ပေါ် ပေါက်လာပီး သိပ္ပံပညာရှင် တေက နေသုံးလုံးရှိတဲ့ နေအဖွဲ့အစည်းက ကမ္ဘာတစ်ခုကို ဘယ်လိုရှင်သန်အောင်လုပ်ရမလဲဆိုတဲ့ လက်တွေ့ကျကျ ဆော့ရတဲ့ ဂိမ်း စတဲ့ စိတ်၀င်စားစရာ တေနဲ့ ရိုက်ကူးထားတဲ့ အာကာသ သိပ္ပံ TV-series တစ်ခုပါ။
ဇာတ်လမ်းအစပိုင်းမှာတော့ Series က အရမ်းမိုက်ပါတယ် — ဂိမ်းဆော့ပီး နေသုံးလုံးစနစ် ရဲ့ အားနည်းချက်တွေကို ဖြေရှင်းတဲ့ အခန်းတွေ၊ သိပ္ပံစမ်းသပ်ချက်တွေ၊ Nano နည်းပညာနဲ့ အကြောင်းအရာတွေ ဟာ စိတ်ဝင်စားစရာကောင်းစွာ တည်ဆောက်ထားပါတယ်။ Series တစ်ခုလုံးထဲမှာ အထူးထူးခြားခြား ပြသနိုင်ထားတာက Jess Hong ပါပဲ။သက်ဆိုင်ရာ သိပ္ပံရှင်းပြချက်တွေအကုန်လုံးကို လူတွေ နားလည်အောင် ပြန်လည်ဖော်ပြရတာအရမ်းခက်ခဲတဲ့ တာဝန်ကို ထမ်းဆောင်ပေးနိုင်ပါတယ်။
ရှစ်ပိုင်းလုံးက စိတ်ဝင်စားစရာကောင်းပြီး အပြစ်အနည်းနည်းရှိပေမဲ့ ကြည့်ဖို့တန်ပါတယ်။ Sci-Fi ကိုချစ်သူဆိုရင် ဒီ Series ကိုကြည့်သင့်ပါတယ်။
AP


Comments: