Evil (Season 1) ဟာ Robert King နဲ့ Michelle King (The Good Wife ဖန်တီးသူများ) တို့ ရေးသားထုတ်လုပ်ထားတဲ့ တီဗီစီးရီးဖြစ်ပြီး၊ ရိုးရိုး Horror ကားတွေနဲ့မတူဘဲ စိတ်ပညာ နဲ့ သဘာဝလွန် ဖြစ်ရပ်တွေ ကို သိပ္ပံနည်းကျရော၊ ဘာသာရေးအယူအဆအရပါ ခွဲခြမ်းစိတ်ဖြာပြထားတဲ့ ထူးခြားတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းမှာ အဓိက ဇာတ်ကောင် သုံးယောက်ရှိပါတယ်။

  • Dr. Kristen Bouchard (မှုခင်းစိတ်ပညာရှင် - သိပ္ပံနဲ့ ဆင်ခြင်တုံတရားကိုပဲ ယုံကြည်သူ)

  • David Acosta (ကက်သလစ် ဘုန်းကြီးလောင်း - ဘုရားသခင်နဲ့ နတ်ဆိုးတွေရဲ့ ဖြစ်တည်မှုကို ယုံကြည်သူ)

  • Ben Shakir (အင်ဂျင်နီယာ/နည်းပညာကျွမ်းကျင်သူ - ဘာသာမဲ့ဖြစ်ပြီး အရာရာကို စက်ပစ္စည်း၊ နည်းပညာနဲ့ သဘာဝတရားအရပဲ ဖြေရှင်းသူ)

သူတို့သုံးယောက်ဟာ ကက်သလစ်ဘုရားကျောင်းရဲ့ တာဝန်ပေးချက်အရ လောကမှာဖြစ်ပျက်နေတဲ့ "ထူးဆန်းတဲ့ အမှုတွေ" (ဥပမာ - နတ်ဆိုးပူးခြင်း၊ အံ့ဖွယ်တန်ခိုးပြခြင်း၊ ထူးဆန်းတဲ့ ရောဂါများ) ကို သွားရောက်စုံစမ်းရပါတယ်။ ဒါဟာ တကယ်ပဲ နတ်ဆိုးကြောင့်လား၊ ဒါမှမဟုတ် လူတွေရဲ့ စိတ်ရောဂါလား လှည့်ကွက်တွေလားဆိုတာကို အဖြေရှာရတာပါ။ အပိုင်းတိုင်းမှာ ဖြစ်လာတဲ့ ထူးဆန်းတဲ့အမှုတွေကို သိပ္ပံနည်းကျ အဖြေရှာလို့ရသလို၊ သဘာဝလွန်ဖြစ်ရပ်လို့ တွေးရင်လည်း ရအောင် ဇာတ်ရှိန်ကို နှစ်ဖက်လုံး မျှမျှတတ ဆွဲထားနိုင်ခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ရှုသူကို အတင်းအကျပ် အဖြေတစ်ခုမပေးဘဲ ကိုယ်တိုင်တွေးတောဖို့ ချန်လှပ်ထားခဲ့ပါတယ်။

အနှစ်ချုပ်အနေနဲ့ Evil Season 1 သည် Jump Scare တွေကိုပဲ အားကိုးသော သာမန် Horror မျိုး မဟုတ်ဘဲ၊ ‘လူတွေ ဘာလို့ မကောင်းမှု လုပ်ကြတာလဲ’ ဆိုတဲ့ ပဟေဠိတွေကို ပေးနိုင်တဲ့ ဉာဏ်ကစားရသော စီးရီးကောင်းတစ်ခု ဖြစ်ပါသည်။

AP