Caddo Lake သည် လှပပီးစိတ်ဝင်စားဖွယ် အိုင်တစ်ခုရဲ့ ကမ်းခြေတစ်နေရာကို အခြေခံထားသည့် mystery-thriller ဖြစ်ပြီး မိသားစုဒရာမာ၊ စိတ်ရှုပ်ထွေးမှုနှင့် သဘာဝဆန်သော time-loop ခံစားမှုများ ကို မြင်တွေ့ရစေပါတယ်။ ဒီကားထဲမှာတော့ Maze Runner ထဲက မင်းသား Dylan O'Brien က အဓိက ဇာတ်ဆောင်နေရာကပါ၀င်ထားပါတယ်။
ဇာတ်လမ်းအကျဥ်း အနေနဲ့ကတော့ ၈နှစ်အရွယ် Anna ဆိုတဲ့ ကလေးတစ်ယောက် Caddo Lake ထဲမှာ ပျောက်ဆုံးသွားပီးနောက် သူမရဲ့ အမ Ellie ကသူမကို လိုက်ရှာရာကနေစတင်ထားခဲ့ပါတယ်။ Anna က Ellie အမေရဲ့ နောက်ယောက်ျား ကပါလာတဲ့ သမီးတစ်ယောက်ပါ။ Ellie က မိသားစုထဲမှာ သူပဲ အပြင်ရောက်နေတယ်ဆိုပီး ထင်မြင်နေသူလဲဖြစ်ပါတယ်။ Anna ပျောက်ဆုံးမှုကလဲ သူ့ပရောဂ မကင်းဘူးဆိုပီး သူ့ညီမလေး Anna ကိုအပူတပြင်းလိုက်ရှာရင်း Caddo Lake ရဲ့ ထူးဆန်းမှုတွေကို စတင်သိရှိလာခဲ့ရပါတယ်။ Ellie ရဲ့ အဖေအရင်း ပျောက်ဆုံးသွားမှုတေ သူမရဲ့ အမေရဲ့ သူ့အဖေ အပေါ် ထင်မြင်ချက်တွေ နဲ့ သူမတို့ရဲ့ မိသားစု ဆက်နွယ်မှုတေက Time Paradox ဖြစ်မှုတေနဲ့ ဇာတ်လမ်း အဆုံးထိ ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားကတော့ Mystery, Time Travel ကိုစိတ်၀င်စားသူတေကြည့်သင့်တဲ့ ဇာတ်ကားပါ။
ကျွန်တော့် အမြင်ကတော့ အားသာချက်ကြီးကြီးမားမားမရှိပေမဲ့ အားနည်းချက်ကလဲ ကြီးကြီးမားမားရှိမနေပါဘူး။ ရှာကျန်ပီး အားနည်းချက် ကိုပြောရမယ်ဆိုရင်တော့ Story structure သည် တစ်ချိန်တည်းတွင် အများအပြား ရှိနေတဲ့ အတွက် နားလည်ဖို့ ရှုတ်ထွေးသွားနိုင်ပါတယ်။
အချုပ်ဆိုရရင် Caddo Lake သည်စိတ်ရှုပ်ထွေးစေတဲ့ mystery-thriller အမျိုးအစား ဖြစ်ပြီး ဇာတ်လမ်းထဲမှာ time-loop mystery များ၊ မိသားစုဆက်နွယ်မှုများ ပါဝင်ပါတယ်။ သရုပ်ဆောင်များ၏ သရုပ်ဆောင်ကောင်းမှုကြောင့် ဒီလိုအမျိုးအစား ဇာတ်လမ်းမျိုးကို စိတ်ဝင်စားသူများအတွက် စမ်းသပ်ကြည့်ရှု သင့်တယ်လို့ယူဆပါတယ်။
Comments: