The Lost Room (၂၀၀၆) ဆိုတာ Sci-Fi နဲ့ Mystery ကို ကြိုက်တဲ့သူတွေကြားမှာ Cult Classic လို့ခေါ်ရမယ့် တကယ့်ကို Hidden Gem Mini-Series လေးတစ်ခုပါ။ ဇာတ်လမ်းဆွဲဆောင်မှုကတော့ အခုထိ ရိုးမသွားသေးပါဘူး။
ဇာတ်လမ်းအကျဥ်းအနေနဲ့ ၁၉၆၀ ပြည့်နှစ်တွေတုန်းက ဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုကြောင့် လမ်းဘေးဟိုတယ်တစ်ခု (Sunshine Motel) ရဲ့ အခန်းအမှတ် ၁၀ ဟာ ပြင်ပလောကကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီအခန်းထဲမှာရှိတဲ့ သွားပွတ်တံ၊ မျက်မှန်၊ ဘီး၊ ဖဲထုပ် စတဲ့ အသုံးအဆောင်ပစ္စည်း ၁၀၀ ကျော်ဟာလည်း Objects တွေ ဖြစ်သွားပြီး တစ်ခုချင်းစီမှာ ထူးဆန်းတဲ့ အစွမ်းကိုယ်စီ ရှိနေပါတယ်။
ဇာတ်လိုက်ဖြစ်တဲ့ ရဲအရာရှိ Joe Miller ဟာ အဲဒီအခန်းရဲ့ သော့ ကို ရရှိသွားပါတယ်။ သူရရှိသွားတဲ့ သော့က သော့အိမ်ရှိတဲ့ ဘယ်တံခါးကိုမဆို ဖွင့်နိုင်ပီး တခြား dimension ထဲကလို့ ပြောရမယ့် တကယ်မရှိတဲ့ အခန်းထဲကိုရောက်ရှိသွားမှာပါ။ အဲ့ကနေမှတစ်ဆင့် ကိုမြင်ဖူးတဲ့ စိတ်ကူးထားတဲ့ တခါးရှိတဲ့ မည့်သည့်နေရာကိုမဆိုသွားနိုင်တာပါ။ Joe Miller က သော့ကိုရရှိသွားပီး စမ်းသပ်ရာကနေ သူ့သမီးလေးက အဲဒီအခန်းထဲမှာ ပျောက်ဆုံးသွားတဲ့အခါ သမီးဖြစ်သူကို ပြန်ရှာဖို့အတွက် အခြား "Objects" တွေကို လိုက်လံစုဆောင်းရင်း၊ အဲဒီပစ္စည်းတွေကို အပိုင်စီးချင်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာပါ။
၆ နာရီခန့်လောက်ပဲရှိတဲ့ ဒီ Mini-Series အတွင်းမှာတင် ဒီပစ္စည်းတွေကို လိုက်လံစုဆောင်းတဲ့သူတွေ၊ ကိုးကွယ်တဲ့သူတွေနဲ့ သူတို့ကြားက စည်းမျဉ်းတွေကို ပရိသတ် နားလည်သွားအောင် ဆွဲဆောင်မှုရှိရှိ တင်ဆက်ထားနိုင်ပါတယ်။ ဇာတ်လမ်းက တရစပ် စီးဆင်းနေပြီး ပျင်းစရာ လုံးဝမကောင်းပါဘူး။
ကြိုက်တဲ့ အချက်တေကတော့ ဇာတ်လမ်း concept က တော်တော်လေး ဆန်းသစ်ပြီး တီထွင်ဖန်တီးမှု ကောင်းပါတယ်။ဇာတ်ရှိန်တက်တာ မြန်လို့ တစ်ထိုင်တည်း ကြည့်လို့ကောင်းပါတယ်။
မကြိုက်တဲ့ အချက်ကတော့ ဇာတ်လမ်းကတိုလွန်းတော့ ကြည့်ရတာကိုမ၀ဘူးဖြစ်နေပါတယ်။ Season-2 ကိုမျော်လင့်မိပေမယ့် ထပ်မထွက်လာတော့ပါဘူး။
အဆုံးသတ်အနေနဲ့ သင်ဟာ Stranger Things, Warehouse 13 ဒါမှမဟုတ် Loki လိုမျိုး Universe တစ်ခုအတွင်းမှာ ထူးဆန်းတဲ့ ပစ္စည်းတွေ၊ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရတဲ့ ဇာတ်လမ်းမျိုး ကြိုက်တတ်ရင် The Lost Room ကို သဘောကျမှာ သေချာပါတယ်။ ဒါဟာ ဥာဏ်ကစားရတဲ့ Mystery အမျိုးအစားဖြစ်လို့ ကြည့်နေရင်း "ငါသာ အဲဒီပစ္စည်းလေး ရရင် ဘာလုပ်မလဲ" ဆိုပြီး တွေးကြည့်ရတာကိုက ပျော်စရာပါ။
AP

Comments: