Saving Private Ryan ဟာ သာမန် စစ်ရေးရုပ်ရှင်တစ်ပုဒ်မဟုတ်ပါဘူး။ စစ်ရဲ့ ဒုက္ခ၊ ရာဇဝတ်မှုများ၊ လူသားသဘောအရ အဘယ်ကြောင့် စစ်ကို လိုအပ်သလဲဆိုတာကို တစ်ခါထဲ ပြသနိုင်ခဲ့တဲ့ စစ်ရေးရုပ်ရှင်ထဲက အမြင့်ဆုံးအဆင့်တစ်ခုပါပဲ။

Omaha Beach စစ်တလင်းကို ကျော်ထွက်လာပြီးနောက် Capt. Miller (Tom Hanks) ကို အထူးမစ်ရှင်တစ်ခု ပေးအပ်လိုက်တယ်။ Ryan ဆိုတဲ့ တပ်သားလေးကိုရှာဖွေကာ အသက်ရှင်အောင် စစ်ထဲကနေသွားခေါ် ပီးအိမ်ပြန်ပို့ပေးရမယ်။

Ryan ရဲ့ အစ်ကိုသုံးယောက်ကို စစ်ထဲမှာပဲ ဆုံးသွားကြလို့ မိခင်အတွက် နောက်ဆုံး ကျန်နေသေးတဲ့ သားတစ်ယောက်ကို ကာကွယ်လိုတာပဲ။

ဒါပေမဲ့—

တစ်ယောက်ကို ကယ်ဖို့ တခြားအသက်တွေကို စတေးရတာ ဂန္တဝင်လား? စစ်သားတွေက မေးကြတယ်…

နောက်ဆုံးတော့ ထောက်ခံသူ၊ ခေါင်းဆောင်၊ တော်တော်များများ ဆုံးဖြတ်ချက်တစ်ခုချရမည့်အခါ သာမန်စစ်သားတစ်ယောက်တောင် အလေးအနက်ဆုံးဖြစ်လာခဲ့တယ်။

Opening Scene 20+ မိနစ်က စစ်ကို အမှန်တရားနဲ့ ပြသလိုက်တဲ့ Cinema History တစ်ခု ဖြစ်ပါတယ်။

ငိုကြွေးသံ…
ပြတ်သွားတဲ့လက်…
အော်ဟစ်သံနဲ့ ဗုံးပေါက်သံတွေ…
ကမ်းအပေါ်သွားမယ့် စစ်သားတွေ…

Washington DC မှာ ခေါင်းဆောင်တွေက ထိုင်ပြီး မဖြစ်နိုင်တဲ့အမိန့်တွေ ချပြီးနေပေမဲ့ စေလွှတ်ခံရတဲ့ Capt. Miller ရဲ့အဖွဲ့ကတော့ သေခြင်းနဲ့ မျက်နှာချင်းဆိုင်နေကြသူတွေ။ သူတို့က Mission ကို လိုက်နာရတယ်။

ဒါပေမဲ့ သူတို့ရဲ့အတွင်းမှာ—

“ဒီ Ryan လေးကို သွားခေါ် ဖို့က တန်ရဲ့လား၊ ငါတို့အသက်တေကကော…?” ဆိုတဲ့ မနာလိုသံတွေ ထွက်လာတဲ့အချိန်မှာ တစ်ယောက်ချင်း စစ်သားတွေရဲ့ စိတ်ဓါတ်ကို ပြသပေးခဲ့ပါတယ်။

Saving Private Ryan ဟာ အမှန်တကယ် မျက်ရည်လွယ်စေတဲ့အထိ ဖြစ်စေတဲ့ စစ်ကားတစ်ကား ဖြစ်ပေမဲ့
ကျန်ရစ်သွားတဲ့အယူအဆကတော့ စစ်အမိန့်အကြောင်း၊ လူသားအကြောင်း၊ စွန့်လွတ်အနစ်နာခံခြင်း အကြောင်း… တေကိုပြောပြပေးသွားတဲ့ ဂန္တဝင် မြောက်စစ်ကားတစ်ကားဖြစ်ပါတယ်။


AP