၁၉၄၄ ခုနှစ်၊ စပိန်ပြည်တွင်းစစ်အပြီး ဖရန်ကို စိုးမိုးထားတဲ့ အချိန်ကို နောက်ခံထားပါတယ်။ ပုံပြင်စာအုပ်တွေ ဖတ်ရတာ ဝါသနာပါတဲ့ Ofelia ဆိုတဲ့ မိန်းကလေးငယ်ဟာ ကိုယ်ဝန်အရင့်အမာနဲ့ ကျန်းမာရေးမကောင်းတဲ့ သူမရဲ့ အမေနဲ့အတူ ပထွေးဖြစ်သူ Captain Vidal ရှိရာ စစ်စခန်းကို ပြောင်းရွှေ့လာခဲ့ရပါတယ်။ Captain Vidal ဟာ တောတွင်းက တော်လှန်ရေးသမားတွေကို လိုက်လံနှိမ်နင်းနေတဲ့ အလွန်ရက်စက်ပြီး သွေးအေးတဲ့ စစ်ဗိုလ်တစ်ဦးပါ။
အမှန်တရားရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြားထဲမှာ Ofelia တစ်ယောက် စစ်စခန်းအနီးက ရှေးဟောင်းဝင်္ကပါ (Labyrinth) တစ်ခုကို တွေ့ရှိသွားပြီး၊ ထိုနေရာမှာ Faun တစ်ကောင်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Faun က Ofelia ဟာ တကယ်တော့ မြေအောက်ကမ္ဘာရဲ့ ပျောက်ဆုံးနေတဲ့ မင်းသမီးလေး Princess Moanna ဖြစ်တယ်လို့ ပြောပြပြီး၊ သူမရဲ့ မူလကမ္ဘာကို ပြန်နိုင်ဖို့အတွက် အလုပ် ၃ ခုကို လုပ်ဆောင်ခိုင်းရာကနေ စိတ်လှုပ်ရှားစရာတွေ စတင်လာပါတော့တယ်။
ဒီကားရဲ့ အလှပဆုံး အချက်က Parallel Storytelling ပါ။ ဇာတ်လမ်းဟာ Ofelia ရင်ဆိုင်နေရတဲ့ သဘာဝလွန် ဒဏ္ဍာရီကမ္ဘာ နဲ့ အပြင်လောကက စစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှု ကို ပြိုင်တူ ပြသသွားပါတယ်။ ထူးခြားတာက Ofelia ဖြတ်သန်းရတဲ့ စိန်ခေါ်မှုတွေထဲက ဘီလူးသတ္တဝါတွေထက်၊ အပြင်လောကက ပထွေးဖြစ်သူ Captain Vidal ရဲ့ သွေးအေးရက်စက်မှုတွေက ပိုပြီး ကြောက်စရာကောင်းနေတာကို ဒါရိုက်တာက ပြသသွားတာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် Pan's Labyrinth ဟာ ရိုးရိုးကြည့်ပြီး မေ့ပျောက်သွားမယ့်ကားမျိုး မဟုတ်ပါဘူး။ ကြည့်ပြီးရင် စိတ်ထဲမှာ တစ်ခုခု ကျန်ခဲ့စေမယ့်၊ ဝမ်းနည်းစရာလည်း ကောင်းသလို တစ်ဖက်ကလည်း အလှပဆုံး ဆုံးခန်းတိုင်သွားတဲ့ အနုပညာလက်ရာစစ်စစ် ဖြစ်ပါတယ်။
My Rating: 9.5 / 10
AP
Comments: