ဇာတ်လမ်းဟာ (ထိုခေတ်က အနာဂတ်ဖြစ်ခဲ့တဲ့) ၁၉၉၁ ခုနှစ်၊ အမေရိကန်ပြည်ထောင်စုရဲ့ Century City ကို အခြေခံထားပါတယ်။ ကမ္ဘာပေါ်မှာ ကြောင်နဲ့ ခွေးတွေ ကူးစက်ရောဂါတစ်ခုကြောင့် မျိုးတုန်းသွားပြီးနောက် လူသားတွေဟာ မျောက်ဝံ (Apes) တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် စတင်မွေးမြူခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ကို အိမ်မွေးတိရစ္ဆာန်အဆင့်တင်မကဘဲ အစေခံတွေ၊ ကျွန်တွေအဖြစ် စနစ်တကျ နှိပ်စက်ခိုင်းစေပြီး ဖက်ဆစ်ဆန်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။
ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ အရင်ဇာတ်ကား (Escape from the Planet of the Apes) ထဲက အနာဂတ်ကနေ ရောက်လာတဲ့ မျောက်ဝံလင်မယားရဲ့ သားဖြစ်ပြီး၊ လူသားတွေလို စကားပြောနိုင်၊ တွေးခေါ်နိုင်စွမ်းရှိတဲ့ Caesar ပဲ ဖြစ်ပါတယ်။ သူဟာ အာဏာပိုင်တွေရဲ့ လက်ကလွတ်အောင် ဆပ်ကပ်ပိုင်ရှင် Armando ရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့ရတာပါ။ ဒါပေမဲ့ တစ်နေ့မှာ လူသားတွေက မျောက်ဝံတွေကို ရက်ရက်စက်စက် နှိပ်စက်နေတာကို မြင်ပြီး ဒေါသထွက်ကာ စကားကျွံပြောမိရာကနေ Armando အဖမ်းခံရပြီး၊ Caesar တစ်ယောက် မျောက်ဝံကျွန်ဈေးကွက်ထဲကို အစေခံတစ်ဦးအဖြစ် ရောက်ရှိသွားပါတော့တယ်။ အဲဒီနောက်မှာတော့ သူဟာ ကျွန်ပြုခံထားရတဲ့ သူ့ရဲ့ မျောက်ဝံမျိုးနွယ်စုတွေကို စုစည်းပြီး လူသားတွေကို ပြန်လည်တော်လှန်ဖို့ ကြိုးပမ်းပါတော့တယ်။
အချုပ်ပြောရရင် Conquest of the Planet of the Apes (1972) ဟာ Modern ဖြစ်တဲ့ Rise of the Planet of the Apes (2011) ကို မကြည့်ခင် (သို့မဟုတ်) ကြည့်ပြီးရင် မဖြစ်မနေ ပြန်ကြည့်သင့်တဲ့ Masterpiece ဟောင်းကြီး ဖြစ်ပါတယ်။ Budget နည်းပေမယ့် ဦးနှောက်သုံးရတဲ့ Sci-Fi အမျိုးအစားဖြစ်ပြီး ကမ္ဘာပျက်ကပ်နောက်ခံ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
My Rating: 8 / 10
AP
Comments: