ဇာတ်လမ်းက ပထမကား ပြီးသွားတဲ့နေရာကနေပဲ ကွက်တိ ပြန်စပါတယ်။ Taylor ဟာ ကမ်းခြေကနေ ရုပ်တုကြီးကို တွေ့ပြီးနောက် Nova နဲ့အတူ တားမြစ်နယ်မြေ ထဲကို ဆက်သွားရင်း ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပျောက်ဆုံးသွားတဲ့ Taylor တို့အဖွဲ့ကို လိုက်ရှာဖို့ ကမ္ဘာမြေကနေ ထပ်မံစေလွှတ်လိုက်တဲ့ အာကာသယာဉ်မှူး Brent (James Franciscus) ဟာ ဒီဂြိုဟ်ပေါ်ကို ထပ်မံပျက်ကျလာပြီး Nova နဲ့ ဆုံတွေ့ခဲ့ပါတယ်။
Brent ဟာ Taylor ကို ရှာဖွေရင်းနဲ့ မျောက်ဝံတွေရဲ့ မြေအောက် ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်သင့် နယ်မြေအောက်မှာ လျှို့ဝှက်ရှင်သန်နေထိုင်ကြတဲ့၊ စိတ်ချင်းဆက်သွယ်နိုင်တဲ့ လူသား အဖွဲ့အစည်းကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။
ပထမကားထက်စာရင် ဒီကားမှာ Gorilla စစ်ဗိုလ်ချုပ်ကြီး Ursus ရဲ့ ဦးဆောင်မှုနဲ့အတူ မျောက်ဝံတွေဟာ ပိုမိုရက်စက်ပြီး စစ်လိုလားလာကြပါတယ်။ အစာရေစာ ရှားပါးလာမှုကို အကြောင်းပြပြီး တားမြစ်နယ်မြေကို သိမ်းပိုက်ဖို့ ပြင်ဆင်ကြပါတယ်။
အနှစ်ချုပ်ပြောရရင်တော့ ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းခန်းကတော့ Planet of the Apes တစ်စီးရီးလုံးမှာတင်မကဘဲ Sci-fi ရုပ်ရှင်လောကတစ်ခုလုံးမှာပါ အစွန်းရောက်ဆုံး၊ အမှောင်ဆုံး ဇာတ်သိမ်းလို့ ပြောလို့ရပါတယ်။
Rating 8/10
AP
Comments: