The Matrix Revolutions (2003) ဟာ အဆုံးသတ် Finale ဖြစ်ပြီး The Matrix Reloaded ထွက်ရှိပြီး ၆ လအကြာမှာပဲ ရုံတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားကတော့ Matrix စနစ်ထဲက ကမ္ဘာထက် လူသားတွေရဲ့ နောက်ဆုံးမြို့တော် Zion ကို စက်ရုပ်စစ်တပ်တွေ အလုံးအရင်းနဲ့ လာရောက်တိုက်ခိုက်တဲ့ "လူသားနှင့် စက်ရုပ်စစ်ပွဲ" ကို အဓိက ပုံဖော်ထားပါတယ်။
ဒီဇာတ်ကားရဲ့ သုံးပုံပုံ နှစ်ပုံလောက်ဟာ Virtual Reality ဖြစ်တဲ့ Matrix ထဲမှာ မဟုတ်တော့ဘဲ ပျက်စီးနေတဲ့ ကမ္ဘာစစ်မြေပြင် (Real World) မှာ အချိန်ကုန်ထားပါတယ်။ လူသားတွေ APU (Armored Personnel Unit) လို့ခေါ်တဲ့ စက်ရုပ်ဝတ်စုံကြီးတွေစီးပြီး ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေတဲ့ Sentinels သန်းပေါင်းများစွာကို ခုခံရတဲ့ တိုက်ပွဲကြီးဟာ ဒီကားရဲ့ အကြီးကျယ်ဆုံး Specatcle ပါပဲ။ Cyberpunk ထက်စာရင် Military Sci-Fi ဘက်ကို ပိုရောက်သွားပါတယ်။
ဇာတ်လမ်းအစမှာ Neo ဟာ Matrix နဲ့ စက်ရုပ်ကမ္ဘာကြားက Mobil Ave ဆိုတဲ့ ဘူတာရုံလေး (စနစ်ရဲ့ Limbo) မှာ ပိတ်မိနေပါတယ်။ အဲဒီမှာ ဆော့ဖ်ဝဲလ်ပရိုဂရမ်တွေ ဖြစ်ကြပေမယ့် "အချစ်" နဲ့ "မိသားစု" သံယောဇဉ်ကို နားလည်တဲ့ Rama-Kandra တို့ ဇာတ်ကောင်မိသားစုနဲ့ သမီးဖြစ်သူ Sati တို့ကို တွေ့ရတာဟာ စက်ရုပ်တွေလည်း လူသားတွေလို ခံစားချက်ရှိလာနိုင်တယ်ဆိုတဲ့ အတွေးကို ပေးပါတယ်။
Agent Smith ဟာ Matrix တစ်ခုလုံးကို Virus လိုမျိုး ဝါးမြိုဖျက်ဆီးပြီး စက်ရုပ်ကမ္ဘာကိုပါ ခြိမ်းခြောက်လာတဲ့အခါ Neo ဟာ Machine City ကို ကိုယ်တိုင်သွားပြီး စက်ရုပ်ခေါင်းဆောင် (Deus Ex Machina) နဲ့ သဘောတူညီချက် ယူခဲ့ရပါတယ်။
ဒီကားရဲ့ အားနည်းချက်လေးကတော့ Matrix ရဲ့ ရသ ပျောက်ဆုံးပြီး ပရိသတ်တွေ အကြိုက်ဆုံးဖြစ်တဲ့ နေကာမျက်မှန်၊ ကုတ်အင်္ကျီအမည်းရှည်တွေနဲ့ Matrix ထဲက Kung-Fu တိုက်ကွက်တွေ၊ သေနတ်ပစ်ခတ်မှုတွေ နည်းသွားပြီး၊ Zion မြို့ထဲက စက်ရုပ်ချင်း ပစ်ခတ်တဲ့အခန်းတွေ အရမ်းရှည်လျားလွန်းတာပဲဖြစ်ပါတယ်။
ခြုံပြောရရင်တော့ ပထမကားရဲ့ လက်ရာမြောက်မှုကို မမီသလို၊ ဒုတိယကားလောက်လည်း စိတ်လှုပ်ရှားဖို့ မကောင်းပေမယ့် ကမ္ဘာကျော် Trilogy တစ်ခုကို သင့်တင့်လျောက်ပတ်တဲ့ အနှစ်နာခံမှု ဒဿနနဲ့ လိပ်ပတ်လည်အောင် ပိတ်ပေးနိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
Rating: 6.5 / 10
AP
Comments: