The Matrix Reloaded (2003) ဟာ ၁၉၉၉ ခုနှစ်က ကမ္ဘာကျော်ခဲ့တဲ့ ပထမဇာတ်ကားရဲ့ အရှိန်အဝါကို ဆက်ခံပြီး ရိုက်ကူးခဲ့တဲ့ Sci-Fi အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ပထမကားက Virtual Reality နဲ့ AI နည်းပညာအယူအဆတွေကို ဆန်းသစ်စွာ မိတ်ဆက်ပေးခဲ့သလို၊ ဒီဒုတိယမြောက်ဇာတ်ကားကတော့ အဲဒီ Matrix ရဲ့ ကမ္ဘာကြီးကို ပိုမိုကျယ်ပြန့်အောင် ပုံဖော်ပေးခဲ့ပါတယ်။
ပထမကားမှာ Matrix ဆိုတာ ဘာလဲဆိုတာကိုပဲ အဓိကထားပြခဲ့ရင်း ဒီ "Reloaded" မှာတော့ လူသားတွေရဲ့ နောက်ဆုံးခံတပ်မြို့တော်ဖြစ်တဲ့ Zion ကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Matrix စနစ်ထဲမှာ Bug တွေ၊ Glitch တွေလိုမျိုး ဖြစ်နေတဲ့ စနစ်ကို အာခံတဲ့ ပရိုဂရမ်အဟောင်းတွေ ဥပမာ - The Twins နဲ့ Merovingian တို့လို ဇာတ်ကောင်အသစ်တွေကို မိတ်ဆက်ပေးပြီး ကမ္ဘာကြီးကို ပိုမိုနက်ရှိုင်းအောင် တည်ဆောက်ထားပါတယ်။
The Matrix ရဲ့ ထုံးစံအတိုင်း Free Will (လွတ်လပ်စွာ ရွေးချယ်ခွင့်) နဲ့ Determinism (ကံကြမ္မာ သတ်မှတ်ပြီးသားဖြစ်ခြင်း) တို့ကို အဓိက တင်ပြထားပါတယ်။ အထူးသဖြင့် ဇာတ်ကားအဆုံးပိုင်းမှာ Neo နဲ့ Matrix ကို တည်ဆောက်ခဲ့တဲ့ The Architect တို့ရဲ့ တွေ့ဆုံခန်းဟာ ပရိသတ်တွေကို အကြီးအကျယ် ဦးနှောက်ခြောက်စေခဲ့ပြီး "The One" ဆိုတဲ့ ကယ်တင်ရှင်ဟာလည်း စနစ်ရဲ့ ထိန်းချုပ်မှုဗျူဟာ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်နေတယ်ဆိုတဲ့ Twist က တကယ့်ကို အံ့ဩစရာပါ။
အနှစ်ချုပ်ပြောရရင် ပထမကားကို ကြိုက်နှစ်သက်သူများ၊ ရှုပ်ထွေးနက်နဲတဲ့ Sci-Fi ဇာတ်ကွက်တွေကို သဘောကျပြီး မျက်စိပသာဒဖြစ်စေမယ့် အက်ရှင် Sequence တွေကို ခံစားချင်သူတွေအတွက် လက်မလွှတ်တမ်း ကြည့်ရမယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ်။
Rating: 8.5 / 10
AP
Comments: