ဇာတ်လမ်းကတော့ "The Valley" လို့ခေါ်တဲ့ မှော်ဆန်တဲ့ သစ်တောကြီးထဲမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Ollie (အသံသရုပ်ဆောင် Michael B. Jordan ) ဆိုတဲ့ ဖျံနဲ့တူတဲ့ Pookoo လေးနဲ့ Ivy (အသံသရုပ်ဆောင် Juno Temple) ဆိုတဲ့ ငှက်နဲ့တူတဲ့ Javan မလေးတို့ဟာ မတော်တဆ မှော်အစေ့တစ်ခုကို ထိမိရာကနေ ခန္ဓာကိုယ်ချင်း လဲသွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ မူလခန္ဓာကိုယ်ပြန်ရဖို့အတွက် အတူတူ ခရီးသွားရင်း တစ်ဦးရဲ့ အခက်အခဲကို တစ်ဦးက နားလည်လာကြတဲ့ ကားလေးပါ။
ရုပ်ထွက်ပိုင်းက အရမ်းလှပပြီး တောတောင်ရေမြေ အခင်းအကျင်းတွေ၊ သစ်ပင်နဲ့ တိရစ္ဆာန် ပေါင်းစပ်ထားတဲ့ ဒီဇိုင်းတွေက ဆန်းသစ်ပါတယ်။ ကလေးတွေအတွက် တစ်ပါးသူအပေါ် စာနာနားလည်ပေးတတ်ဖို့ (Empathy) နဲ့ စည်းလုံးညီညွတ်မှုရဲ့ အရေးပါပုံကို ကောင်းကောင်းကြီး ပေးစွမ်းနိုင်ပါတယ်။ Michael B. Jordan နဲ့ Juno Temple တို့ရဲ့ အသံသရုပ်ဆောင်မှုက ဇာတ်ကောင်တွေကြားက Chemistry ကို ပိုပေါ်လွင်စေပါတယ်။
ဇာတ်လမ်းက အရမ်းကြီး ထူးခြားမနေပေမဲ့ ရုပ်ထွက်လှလှပပနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။ အထူးသဖြင့် ကလေးတွေအတွက် သင်ခန်းစာလည်းရ၊ မျက်စိလည်း ပဒေသာဖြစ်စေမယ့် ကားမျိုး ဖြစ်ပါတယ်။
Rating: 6/10
AP
Comments: