Wednesday: Season 2 ဟာ Season 1 မှာ ရရှိခဲ့တဲ့ အောင်မြင်မှုလှိုင်းကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုကြီးမား၊ ပိုမိုမှောင်မိုက်တဲ့ ဇာတ်အိမ်တွေနဲ့ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း Tim Burton က ဆက်လက်ပုံဖော်ထားပြီး Jenna Ortega က သူမရဲ့ ထူးခြားပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ အကောင်းဆုံးပြန်လည်ဦးဆောင်ထားပါတယ်။
Nevermore အကယ်ဒမီကို ကယ်တင်ပြီးနောက် နာမည်ကြီးသွားတဲ့ Wednesday ဟာ ကျောင်းပြန်တက်ချိန်မှာတော့ သူမကို မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ လျှို့ဝှက် Stalker ရဲ့ ခြိမ်းခြောက်မှုကို စတင်ခံရပါတယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း Enid သေဆုံးမယ့် အနာဂတ်နိမိတ်ကို မြင်မက်ခဲ့တာကြောင့် အဲဒီဘေးဆိုးကနေ ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။
ဒီ Season မှာတော့ Willow Hill ဆေးရုံကနေ Tyler လွတ်မြောက်သွားတာ၊ Addams မိသားစုရဲ့ အမှောင်ဖုံးနေတဲ့ သမိုင်းကြောင်းတွေနဲ့ Nevermore ကျောင်းအုပ်သစ် Principal Dort (Steve Buscemi) ရဲ့ မသင်္ကာစရာကောင်းတဲ့ လှုပ်ရှားမှုတွေကြားမှာ Wednesday တစ်ယောက် လူသတ်မှုအသစ်တွေကို ထပ်မံဖော်ထုတ်သွားရပါတယ်။
Season 1 မှာ မိသားစုဝင်တွေ သိပ်မပါဝင်ခဲ့လို့ အားမရသူတွေအတွက် ဒီတစ်ခေါက်မှာတော့ Morticia နဲ့ Gomez တို့ကို ဇာတ်ကောင်နေရာ ပိုပေးထားသလို မောင်ဖြစ်သူ Pugsley ပါ ကျောင်းတက်ဖို့ ရောက်လာတာကြောင့် Addams Family ရဲ့ မူရင်းရသကို ပိုမိုခံစားရပါတယ်။
Wednesday Season 2 ဟာ Season 1 လောက် Fresh မဖြစ်တော့ပေမယ့် Mystery ဇာတ်လမ်းကောင်းတစ်ခုအဖြစ် ကြည့်ရှုသူကို အပြည့်အဝ ဆွဲဆောင်နိုင်ဆဲဖြစ်ပါတယ်။ Jenna Ortega ရဲ့ သရုပ်ဆောင်ချက်ကတော့ အပြစ်ပြောစရာမရှိအောင် ဆက်လက်ကောင်းမွန်နေဆဲဖြစ်ပြီး Nevermore ရဲ့ လျှို့ဝှက်ချက်တွေကို ပိုမိုနက်နက်ရှိုင်းရှိုင်း သိခွင့်ရတဲ့ Season တစ်ခုဖြစ်ပါတယ်။
AP
Comments: