ဇာတ်လမ်းက Season 1 အဆုံးမှာ ကမ္ဘာပျက်ကပ်ကနေ လွတ်မြောက်ဖို့ Number Five က သူ့ရဲ့ အချိန်ခရီးသွားစွမ်းအားကို သုံးပြီး အားလုံးကို ခေါ်ထုတ်သွားခဲ့ပေမယ့် တွက်ချက်မှု မှားယွင်းသွားတဲ့အခါ ညီအစ်ကို မောင်နှမ ၇ ယောက်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေထဲက Dallas (Texas) ကို တစ်ယောက်တစ်နေရာ၊ တစ်ချိန်စီ ကွဲပြီး ရောက်သွားကြပါတယ်။
သူတို့ Dallas မှာ နေသားတကျဖြစ်အောင် ကြိုးစားနေရင်း နောက်ထပ် ကမ္ဘာပျက်ကပ်တစ်ခုက ၁၉၆၃ ခုနှစ်မှာ ထပ်ဖြစ်ဦးမယ်ဆိုတာ Five သိလိုက်ရတဲ့အခါ မိသားစုပြန်ဆုံဖို့နဲ့ ကမ္ဘာကြီးကို ဒုတိယအကြိမ် ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ ထူးခြားတာက ဒီတစ်ခါ ကမ္ဘာပျက်ရခြင်း အကြောင်းရင်းဟာ သမ္မတ John F. Kennedy လုပ်ကြံခံရမှုနဲ့ ဆက်နွယ်နေတာပဲ ဖြစ်ပါတယ်။
Season 2 မှာ ဇာတ်ကောင်တစ်ယောက်ချင်းစီက ၁၉၆၀ ခုနှစ်တွေရဲ့ လူမှုပတ်ဝန်းကျင်ထဲမှာ သူတို့ဘာသာသူတို့ ဘဝသစ်တွေ တည်ဆောက်ထားကြတာကို တွေ့ရပါတယ်။ ဥပမာ- Klaus က ဘာသာရေးဂိုဏ်းခေါင်းဆောင် ဖြစ်နေတာ၊ Allison က လူမည်းအခွင့်အရေး လှုပ်ရှားသူ ဖြစ်နေတာမျိုးတွေက ဇာတ်လမ်းကို ပိုပြီး အသက်ဝင်စေပါတယ်။ ၁၉၆၀ ခုနှစ်တွေရဲ့ Retro စတိုင်၊ ဝတ်စုံတွေနဲ့ အဲ့ဒီခေတ်က နိုင်ငံရေး ပဋိပက္ခတွေကို Superhero ဇာတ်အိမ်နဲ့ ရောစပ်ထားတာက အရမ်းကို ကြည့်လို့ကောင်းပါတယ်။ Soundtracks တွေကလည်း ပြောစရာမလိုအောင် အမိုက်စားတွေပဲ ရွေးချယ်ထားပါတယ်။
Season 2 ဟာ Season 1 ထက်စာရင် Pacing (ဇာတ်ရှိန်) ပိုမြန်ပါတယ်။ အပျော်အပျက် ဟာသတွေ ပိုပါလာသလို Action ခန်းတွေကလည်း ပိုပြီး စွဲမက်စရာ ကောင်းလာပါတယ်။ အဓိက အားသာချက်ကတော့ "မိသားစု သံယောဇဉ်" ကို အခြေခံထားတဲ့အတွက် Superhero ကားကြည့်နေရတာထက် မိသားစုဝင်တွေကြားက ပြဿနာတွေကို ကြည့်နေရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။
အားသာချက်: အချိန်ခရီးသွား Mystery ပိုကောင်းလာခြင်း၊ ဇာတ်ကောင်များ၏ Chemistry ပိုမိလာခြင်း။
အားနည်းချက်: အချို့သော Plot တွေက အနည်းငယ် ရှုပ်ထွေးနိုင်ခြင်း။
အဆုံးသတ်မှာတော့ Season 3 အတွက် အကြီးကြီး ချန်ထားခဲ့တဲ့ Cliffhanger ကြောင့် ကြည့်ပြီးသွားရင် နောက်တစ်တွဲကို ချက်ချင်း ဆက်ကြည့်ချင်စိတ် ပေါက်စေမယ့် Season ကောင်းတစ်ခု ဖြစ်ပါတယ်။
AP

Comments: