ဇာတ်လမ်းအကျဥ်းအနေနဲ့ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ချက်ချင်းကြီး ကိုယ်ဝန်ရှိလာပြီး အမျိုးသမီး ၄၃ ဦးဆီကနေ ကလေးတွေ တစ်ပြိုင်နက်တည်း မွေးဖွားလာခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာပြီးနောက် အဖွဲ့ဝင်တွေ လူလားမြောက်ပြီး အသီးသီး လမ်းခွဲသွားကြရာကနေ သူတို့ရဲ့မွေးစားဖခင်ကြီး သေဆုံးမှုကြောင့် အိမ်ကိုပြန်ဆုံကြရင်း ရှစ်ရက်အတွင်း ရောက်လာတော့မယ့် ကမ္ဘာပျက်ကပ် (Apocalypse) ကို တားဆီးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ပုံမှန် Marvel ဒါမှမဟုတ် DC ကားတွေလို ရန်သူကို နှိမ်နင်းတာမျိုးမဟုတ်ဘဲ မိသားစုစိတ်ဒဏ်ရာ ကို ပိုပြပါတယ်။ ကလေးဘဝက ဖခင်ဖြစ်သူရဲ့ တင်းကျပ်တဲ့ လေ့ကျင့်မှုတွေကြောင့် လူကြီးဖြစ်လာချိန်မှာ သူတို့ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို သရုပ်ဖော်ထားတာ အရမ်းကောင်းပါတယ်။
အထူးသဖြင့် Aidan Gallagher (Number 5) ရဲ့ သရုပ်ဆောင်ချက်က ထူးချွန်ပါတယ်။
အနှစ်ချုပ်အနေနဲ့ The Umbrella Academy Season 1 ဟာ Superhero ဇာတ်လမ်းတွေကို ပုံစံသစ်နဲ့ ကြည့်ချင်သူတွေအတွက် အကောင်းဆုံး Choice တစ်ခုပါ။ မိသားစု ဆက်ဆံရေး၊ လျှို့ဝှက်ချက်တွေနဲ့ အချိန်ခရီးသွား ဇာတ်လမ်းတွေကို နှစ်သက်ရင် လက်မလွတ်သင့်တဲ့ Series ဖြစ်ပါတယ်။
AP
Comments: