စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းတွဲတွေကို နှစ်သက်သူတွေကြားမှာ အမြဲတမ်း ရေပန်းစားနေတဲ့ From Season 4 ဟာ အခုထွက်ရှိလို့လာပါပီ။
From ဟာ ၂၀၂၂ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ Sci-Fi Horror နဲ့ Mystery အမျိုးအစား ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီကားကို Lost ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်သူတွေကပဲ ဖန်တီးထားတာကြောင့် ဇာတ်အိမ်ခိုင်မာမှုနဲ့ လျှို့ဝှက်ချက်တွေမှာတော့ ပြောစရာမလိုအောင် ကောင်းမွန်လှပါတယ်။ အဓိကဇာတ်ဆောင်တွေအနေနဲ့ Lost ကားထဲက မင်းသားကြီး Harold Perrineau က Boyd Stevens အဖြစ် ဦးဆောင်ပါဝင်ထားပြီး Catalina Sandino Moreno နဲ့ Eion Bailey တို့ကလည်း ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အားဖြည့်ပေးထားပါတယ်။
Season 3 ရဲ့ အဆုံးသတ်မှာတော့ ဇာတ်လမ်းက အရှိန်အမြင့်ဆုံးကို ရောက်သွားခဲ့ပါတယ်။ မြို့ထဲကလူတွေ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ကြားက Boyd ရဲ့ ဆုံးဖြတ်ချက်တွေ၊ မြို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ Tabitha ရဲ့ ပြင်ပလောကကို ရောက်သွားမှုတွေနဲ့အတူ အဖြေမရသေးတဲ့ ပဟေဠိအသစ်တွေ ထပ်တိုးလာပါတယ်။ အထူးသဖြင့် Season 3 အဆုံးမှာ ပြသခဲ့တဲ့ အလှည့်အပြောင်းတွေက Season 4 မှာ မြို့ရဲ့ ဇာစ်မြစ်နဲ့ပတ်သက်ပြီး ပိုမိုနက်ရှိုင်းတဲ့ အမှန်တရားတွေကို မြင်တွေ့ရတော့မယ်ဆိုတာကို အရိပ်အယောင် ပြသသွားခဲ့ပါတယ်။
From ဟာ သင်္ချိုင်းကုန်းထဲမှာ လမ်းလျှောက်နေရသလိုမျိုး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ထူးခြားတဲ့ Horror ဇာတ်လမ်းတွဲတစ်ခုပါ။ Season 3 ရဲ့ စိတ်လှုပ်ရှားဖွယ် အဆုံးသတ်ကနေ Season 4 ကို ကူးပြောင်းချိန်မှာတော့ ဇာတ်လမ်းက ပိုပြီး ကျယ်ပြန့်လာဖို့ ရှိနေပါတယ်။
AP
Comments: