Death of a Unicorn ဟာ A24 က ထုတ်လုပ်ပြီးPaul Rudd(Ant Man မင်းသား) နဲ့ Jenna Ortega(Wednesday ထဲကမင်းသမီး) တို့ အဓိကသရုပ်ဆောင်ထားတဲ့ Dark Thriller အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ ဒီကားဟာ ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်နဲ့ လူသားတို့ရဲ့ လောဘအကြောင်းကို တင်ဆက်ထားတာပါ။

Elliot (Paul Rudd) နဲ့ သူ့ရဲ့သမီးဖြစ်သူ Ridley (Jenna Ortega) တို့ သားအဖနှစ်ယောက် ကားမောင်းလာရင်း လမ်းမှာ Unicorn တစ်ကောင်ကို တိုက်မိသွားရာကနေ ဇာတ်လမ်းစတင်ပါတယ်။ ဒီဖြစ်ရပ်ဟာ သာမန်မတော်တဆမှုတစ်ခု မဟုတ်ဘဲ သူတို့ဘဝကို အကြီးအကျယ် ပြောင်းလဲစေမယ့် အလှည့်အပြောင်း ဖြစ်လာပါတယ်။

Elliot အလုပ်လုပ်တဲ့ ဆေးဝါးကုမ္ပဏီက ဒီ Unicorn ရဲ့ အစိတ်အပိုင်းတွေမှာ အံ့အားသင့်စရာကောင်းတဲ့ ကုသနိုင်စွမ်း တွေ ရှိနေတာကို သိသွားတဲ့အခါမှာတော့ အခြေအနေတွေဟာ ပိုပြီး ရှုပ်ထွေးလာပါတော့တယ်။ ဒီဇာတ်ကားရဲ့ ထူးခြားတဲ့အချက်ကတော့ Unicorn ဆိုတဲ့ ဒဏ္ဍာရီလာ သတ္တဝါကို ခေတ်သစ်လောကထဲ ဆွဲသွင်းပြီး Sci-fi နဲ့ Horror ရောယှက်ထားတဲ့ ပုံစံက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ "ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ကို လူတွေ တကယ်တွေ့ရင် ဘာလုပ်ကြမလဲ" ဆိုတဲ့ မေးခွန်းကို ရိုးရိုးသားသား မဟုတ်ဘဲ လောဘဇောနဲ့ တုံ့ပြန်ပုံကို မြင်ရမှာပါ။

ဒီကားဟာ Unicorn သေတာကိုပဲ အဓိကပြတာမဟုတ်ဘဲ ကုမ္ပဏီကြီးတွေရဲ့ လောဘ နဲ့ သဘာဝတရားကို လူတွေက ဘယ်လို အမြတ်ထုတ်တတ်သလဲ ဆိုတာကို သရော်ထားတာပါ ပြီးတော့ တကယ့်လက်တွေ့လောကက အကျင့်ပျက်ခြစားမှုတွေကိုလည်း မြင်ရမှာဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ပြောရရင် Death of a Unicorn ဟာ ဒဏ္ဍာရီလာအကြောင်းအရာကို အရင်းရှင်စနစ်ရဲ့ လောဘနဲ့ ပေါင်းစပ်ထားတဲ့ ခေတ်သစ်ပုံပြင်တစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။ ရိုးရိုးတန်းတန်း ဇာတ်လမ်းပုံစံမျိုးမဟုတ်ဘဲ Abstract ဖြစ်ပြီး ထူးခြားတဲ့ ခံစားမှုမျိုးကို ရှာနေတယ်ဆိုရင်တော့ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါ။

AP