Coraline ရုပ်ရှင်ဟာ ကမ္ဘာကျော် စာရေးဆရာ Neil Gaiman ရဲ့ နာမည်ကြီး Novella (လုံးချင်းဝတ္ထုတို) ကို အခြေခံပြီး ဒါရိုက်တာ Henry Selick က ရိုက်ကူးခဲ့တဲ့ Dark Fantasy အမျိုးအစား Stop-motion Animated ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းအနေနဲ့ အသက် ၁၁ နှစ်အရွယ် ကောင်မလေး Coraline Jones တစ်ယောက် သူ့မိဘတွေနဲ့အတူ Pink Palace ဆိုတဲ့ တိုက်ခန်းအိုကြီးဆီကို ပြောင်းလာခဲ့ပါတယ်။
အဲဒီကမ္ဘာမှာတော့ သူ့ကို အရမ်းဂရုစိုက်တဲ့ "Other Mother" နဲ့ "Other Father" တို့ ရှိနေပြီး Coraline လိုချင်တဲ့ အရာအားလုံးက ပြည့်စုံနေပါတယ်။
ဒီကားကို နာမည်ကြီး LAIKA Studio က ဖန်တီးခဲ့တာဖြစ်ပြီး ရုပ်သေးရုပ်လေးတွေကို တစ်ကွက်ချင်းစီ လက်နဲ့ရွေ့ပြီး ရိုက်ကူးရတဲ့ Stop-motion နည်းပညာကို အဆင့်မြင့်ဆုံး သုံးထားပါတယ်။
ဒီကားက PG Rating ရထားပေမဲ့ တချို့အခန်းတွေက Horror ဆန်လွန်းတာကြောင့် ကလေးငယ်တွေ ကြည့်ရင် အိပ်မက်ဆိုး မက်နိုင်လောက်တဲ့အထိ စိတ်ခြောက်ခြားစရာ ကောင်းပါတယ်။ Coraline ဟာ သာမန် ကလေးကာတွန်းကား မဟုတ်ဘဲ လူကြီးတွေပါ သဘောကျစေမယ့် Masterpiece တစ်ခု ဖြစ်ပါတယ်။ Animation ကောင်းတာတင်မကဘဲ ဇာတ်လမ်း၊ ဇာတ်ကွက်နဲ့ ပေးချင်တဲ့ Message ကလည်း ခိုင်မာပါတယ်။
AP
Comments: