2024 ခုနှစ်မှာထွက်ရှိခဲ့တဲ့ A Good Girl's Guide to Murder TV-Series ဟာ Holly Jackson ရဲ့ နာမည်ကြီး Young Adult (YA) Mystery ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားဖြစ်ပါတယ်။

ဇာတ်လမ်းက Little Kilton ဆိုတဲ့ မြို့လေးမှာ အခြေတည်ထားတာပါ။ လွန်ခဲ့တဲ့ ၅ နှစ်က Andie Bell ဆိုတဲ့ ကျောင်းသူလေး အသတ်ခံခဲ့ရပြီး သူမရဲ့ချစ်သူ Sal Singh က သတ်ခဲ့တာလို့ အားလုံးက ယုံကြည်နေကြပါတယ်။ Sal ကလည်း အပြစ်ဝန်ခံပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာမို့ အမှုက ပိတ်သွားခဲ့ပါပြီ။ ဒါပေမဲ့ Pip Fitz-Amobi (Emma Myers) ဆိုတဲ့ ကျောင်းသူလေးကတော့ Sal ကို တရားခံမဟုတ်ဘူးလို့ ယုံကြည်နေပြီး သူမရဲ့ ကျောင်းပရောဂျက် (EPQ) အနေနဲ့ ဒီအမှုကို ပြန်လည်စုံစမ်းရာကနေ ဖုံးကွယ်ထားတဲ့ မြို့ကလေးရဲ့ လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပုံကို ရိုက်ကူးထားတာပါ။

ဒီဇာတ်ကားမှာ Wednesday စီးရီးထဲက Enid အဖြစ် လူသိများတဲ့ Emma က ဒီကားမှာလည်း စူးစမ်းလိုစိတ်ပြင်းပြပြီး ဇွဲကောင်းတဲ့ Pip အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အပိုင်း ၆ ပိုင်းတည်းမို့လို့ ဇာတ်လမ်းက သွက်သွက်လက်လက် သွားပါတယ်။ အပိုင်းတိုင်းမှာလည်း အသစ်အသစ်သော သဲလွန်စတွေနဲ့ လှည့်ကွက် (Twists) တွေပါတာကြောင့် ကြည့်နေရင်း မပျင်းရပါဘူး။

ဒီစီးရီးဟာ Nancy Drew တို့ Pretty Little Liars တို့လို Teen Mystery အမျိုးအစားတွေကို ကြိုက်တဲ့သူတွေအတွက်တော့ အလွန်သင့်တော်ပါတယ်။ လေးလေးပင်ပင်ကြီး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရှုနိုင်တဲ့ Mystery ကားကောင်းတစ်ကားဖြစ်ပါတယ်။

AP