The X-Files Tv-series ဟာ Sci-fi နဲ့ မဖော်ထုတ်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းတွဲတွေကို ကြိုက်တဲ့သူတွေအတွက်တော့ "Must Watch" စာရင်းဝင် ဂန္ထဝင်ဇာတ်လမ်းတွဲကြီးတစ်ခုပါ။ ၉၀ ခုနှစ်တွေကနေ ၂၀၁၈ ထိ Season 11 အထိ ထွက်ရှိခဲ့ပြီး ယနေ့ခေတ် Sci-fi ကားတွေအပေါ်မှာပါ လွှမ်းမိုးမှု အများကြီးရှိခဲ့တဲ့ series တစ်ခုလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ FBI အထူးအေးဂျင့် နှစ်ယောက်ဖြစ်တဲ့ Fox Mulder နဲ့ Dana Scully တို့ဟာ FBI က လက်လျှော့ထားတဲ့၊ သိပ္ပံနည်းကျ ရှင်းပြလို့မရတဲ့ "X-Files" လို့ခေါ်တဲ့ အမှုတွဲတွေကို စုံစမ်းစစ်ဆေးရတာပါ။ Fox Mulder ကတော့ ဂြိုဟ်သားတွေနဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို အယုံအကြည်ရှိသူ (The Believer) ဖြစ်ပြီး သူ့ညီမလေး ဂြိုဟ်သားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရတယ်လို့ ယုံကြည်နေသူပါ။ Dana Scully ကတော့ ဆေးဘက်ဆိုင်ရာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး အရာရာကို သိပ္ပံနည်းကျ အထောက်အထားနဲ့ပဲ ယုံကြည်တဲ့ သံသယသမား (The Skeptic) တစ်ယောက်ပါ။ သူမကို Mulder ရဲ့ စုံစမ်းချက်တွေကို စောင့်ကြည့်ဖို့နဲ့ သိပ္ပံနည်းကျ တုံ့ပြန်ဖို့ FBI က လွှတ်လိုက်တာ ဖြစ်ပါတယ်။

The X-Files ဟာ ယနေ့ခေတ်မှာ ကြည့်ရင်တောင် ခေတ်မနောက်ကျသေးတဲ့ ရသကို ပေးနိုင်ပါတယ်။ Aliens, Paranormal, Conspiracy Theories တွေကို စိတ်ဝင်စားရင်တော့ ဒါဟာ သင်အကြိုက်ဆုံး Series ဖြစ်လာမှာ သေချာပါတယ်။The Truth Is Out There" (အမှန်တရားက အပြင်မှာ ရှိနေတယ်) ဆိုတဲ့ စကားစုလေးကို ဒီကားကြည့်ရင်းနဲ့ သင်လည်း လက်ခံလာပါလိမ့်မယ်။

AP