Vin Diesel ခေါင်းဆောင်ပါဝင်တဲ့ The Last Witch Hunterဟာ Action နဲ့ Fantasy အမျိုးအစား ဇာတ်ကားမျိူးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ က Kaulder (Vin Diesel) ဟာ လူသားမျိုးနွယ်ကို ကပ်ရောဂါနဲ့ မျိုးတုံးအောင် လုပ်နေတဲ့ Witch Queen ကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Witch Queen က မသေခင်မှာ Kaulder ကို "မသေနိုင်တဲ့ ဆုလဒ် (သို့) ကျိန်စာ" ပေးခဲ့ပါတယ်။

မျက်မှောက်ခေတ် နယူးယောက်မြို့မှာ Kaulder ဟာ "Axe and Cross" ဆိုတဲ့ အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးရင်း လူသားတွေကြားထဲမှာ ခိုးအောင်းနေထိုင်နေတဲ့ စုန်းတွေကို စောင့်ကြည့်နှိမ်နင်းနေရပါတယ်။ Witch Queen ပြန်လည်နိုးထလာဖို့ ကြိုးပမ်းမှုကို တားဆီးဖို့အတွက် Kaulder ဟာ စုန်းမလေး Chloe (Rose Leslie) နဲ့ အဖွဲ့သစ်ဖွဲ့ပြီး တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ အားသာချက်တေကတော့ ရုပ်ရှင်ထဲက Lore နဲ့ ကမ္ဘာတည်ဆောက်ပုံက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ စုန်းတွေက လူသားတွေကြားမှာ ဘယ်လိုနေထိုင်သလဲ၊ သူတို့ရဲ့ စွမ်းအားတွေက ဘာလဲဆိုတာကို Visual တွေနဲ့ သေချာပြထားပါတယ်။ အထူးပြုလုပ်ချက် (CGI) နဲ့ ဝတ်စုံဒီဇိုင်းတွေက ခမ်းနားပြီး Fantasy ကြိုက်တဲ့သူတွေအတွက် အမြင်လှစေပါတယ်။

အားနည်းချက်အနေနဲ့ကတော့ ဇာတ်လမ်းက ခန့်မှန်းလို့လွယ်ပြီး ရိုးအီနေတဲ့ "သူရဲကောင်းက ကမ္ဘာကြီးကို ကယ်တင်မယ်" ဆိုတဲ့ ပုံစံမျိုးကနေ သိပ်မခွဲထွက်နိုင်ပါဘူး။ 

The Last Witch Hunter ဟာ Oscar ဆုရလောက်တဲ့ ဇာတ်ကားမျိုး မဟုတ်ပေမဲ့၊ အားလပ်ရက်မှာ Snack တစ်ခုခုစားရင်း အပန်းဖြေကြည့်ဖို့အတွက်တော့ "Popcorn Movie" ကောင်းတစ်ခုပါ။ အထူးသဖြင့် Vin Diesel ရဲ့ ပရိသတ်တွေနဲ့ Dark Fantasy, Magic, Sword-fighting ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ကားတစ်ကား ဖြစ်ပါတယ်။

AP