၁၉၃၀ ပြည့်နှစ်တွေက အမေရိကန်ပြည်ထောင်စုရဲ့ ထောင်တစ်ခုမှာ အခြေခံထားပါတယ်။ "The Green Mile" ဆိုတာဟာ သေဒဏ်ကျအကျဉ်းသားတွေ လျှောက်လှမ်းရတဲ့ စိမ်းပြာရောင်ကြမ်းပြင်ရှိတဲ့ လမ်းကလေးကို ခေါ်တာပါ။
ဇာတ်လမ်းအကျဥ်းအနေနဲ့ဆိုရင် ဇာတ်လိုက်ဖြစ်သူ Paul Edgecomb (Tom Hanks) ဟာ အဲဒီထောင်က အကျဉ်းဦးစီးမှူးတစ်ယောက်ပါ။ တစ်နေ့မှာ လူသတ်မှု၊ မုဒိမ်းမှုတွေနဲ့ စွပ်စွဲခံထားရတဲ့ John Coffey (Michael Clarke Duncan) ဆိုတဲ့ လူထွားကြီး ထောင်ထဲရောက်လာပါတယ်။ သူဟာ ကိုယ်လုံးကိုယ်ထည် ကြီးမားလှပေမဲ့ စိတ်ထားကတော့ ကလေးတစ်ယောက်လို နူးညံ့ပြီး ထူးခြားတဲ့ Healing Power (ရောဂါပျောက်ကင်းစေနိုင်တဲ့ တန်ခိုးစွမ်းအား) ရှိနေတာကို Paul တစ်ယောက် သိရှိသွားခဲ့ပါတယ်။ အဲ့ဒီနောက်တော့ Paul ရဲ့ နာတာရှည် ခံစားနေရတဲ့ ဆီးလမ်းကြောင်းရောဂါကို ကုသပေးနိုင်ခဲ့ပါတယ်။ ထူးဆန်းတာက John က တခြားသူတေရဲ့ ရောဂါတွေ၊ ခံစားမှုတေကို ကုသဖို့ဆိုရင် သူကိုယ်တိုင် အဲ့အတိုင်း ခံစားရတာပါပဲ။
ဇာတ်ကားထဲမှာ John Coffey အဖြစ် သရုပ်ဆောင်တဲ့ Michael Clarke Duncan ဟာ အရမ်းကြီးမားတဲ့ လူဘီလူးကြီးလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ သူဟာ အရပ် 6'5'' ပဲ ရှိပါတယ်။ ဇာတ်လိုက် Tom Hanks 6'0'' ထက် ၅ လက်မပဲ ပိုမြင့်တာပါ။
သူ့ကို တကယ့်လူထူးလူဆန်းကြီးလို မြင်ရအောင် ကင်မရာကို အောက်ကနေ ပင့်ရိုက်တာ၊ သူထိုင်တဲ့ ကုလားထိုင်ကို တခြားသူတွေထက် သေးအောင် လုပ်ထားတာမျိုးတွေနဲ့ Optical Illusion သုံးပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
Stephen King ဟာ သူ့ရဲ့ ဝတ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါ သဘောမကျတာမျိုး ခပ်များများ ရှိတတ်ပါတယ်။ ဒါပေမဲ့ The Green Mile ကိုတော့ သူက "သူ့ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်ပြောင်းထားတဲ့အထဲမှာ အကောင်းဆုံးနဲ့ အတိကျဆုံးကား" လို့ ချီးကျူးခဲ့ပါတယ်။
The Green Mile ဟာ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးကားတွေထဲက တစ်ကားအဖြစ် သတ်မှတ်ခံထားရပါတယ်။ တစ်ခါမှမကြည့်ရသေးရင်တော့ သေချာပေါက် ကြည့်သင့်တဲ့ Masterpiece ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
မှတ်ချက်: တစ်ရှူးထုတ်တော့ အနားမှာ ဆောင်ထားဖို့ အကြံပြုလိုပါတယ်။ ဇာတ်သိမ်းပိုင်းက တော်တော်လေးကို စိတ်မကောင်းဖြစ်ရမှာမို့လို့ပါ။
AP
Comments: