၁၉၉၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Flintstones ရုပ်ရှင်ဟာ ကျောက်ခေတ်ကာလကို အခြေခံထားတဲ့ နာမည်ကြီး Animation ဇာတ်လမ်းတွဲကို Live-action အဖြစ် အကောင်းဆုံး အသက်သွင်းနိုင်ခဲ့တဲ့ ကားတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းအနေနဲ့ Fred Flintstone ဟာ သူ့ရဲ့သူငယ်ချင်း Barney Rubble ရဲ့ အကူအညီနဲ့ Slate & Co. ကုမ္ပဏီမှာ ဒု-ဥက္ကဋ္ဌ ရာထူးကို ရရှိသွားပါတယ်။ ဒါပေမဲ့ ဒါဟာ တကယ်တော့ အကျင့်ပျက်ခြစားနေတဲ့ အရာရှိကြီးတွေရဲ့ အကွက်ချစီစဉ်မှုတစ်ခုဖြစ်နေပြီး Fred တစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့ မိသားစုကြားထဲမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ရဲ့ အသာဆုံးအချက်ကတော့ Bedrock မြို့တော်ကြီးကို တကယ့်လက်တွေ့ကမ္ဘာမှာ ပုံဖော်သွားတာပဲဖြစ်ပါတယ်။ ကျောက်ခေတ်သုံး ကားတွေ၊ အိမ်သုံးပစ္စည်းတွေနဲ့ တိရစ္ဆာန်လေးတွေကို အသုံးချထားတဲ့ နည်းပညာတွေဟာ Animation ရဲ့ အရသာကို အပြည့်အဝပေးနိုင်ပါတယ်။

ငယ်ငယ်က Flintstones ကာတွန်းကြည့်ဖူးတဲ့သူတွေအတွက် "Yabba-Dabba-Doo!" ဆိုတဲ့ အသံနဲ့အတူ အမှတ်တရတွေကို ပြန်လည်ခံစားရစေမှာပါ။ The Flintstones ဟာ မိသားစုနဲ့အတူတူ အပန်းဖြေကြည့်ရှုဖို့ အကောင်းဆုံး ရုပ်ရှင်တစ်ခုပါ။ အထူးသဖြင့် ရုပ်ရှင်ရဲ့ အနုပညာဖန်တီးမှု နဲ့ မြင်ကွင်းတွေက ခုချိန်ပြန်ကြည့်ရင်တောင် အရမ်းကို စိတ်ဝင်စားဖို့ကောင်းနေတုန်းပါပဲ။

AP