The Conjuring: Last Rites ဟာ နာမည်ကြီး Conjuring Universe ရဲ့ (၉) ကားမြောက် ဇာတ်ကားဖြစ်ပြီး၊ ကျွန်တော်တို့ အသည်းစွဲ သရဲရှာဖွေသူ ဇနီးမောင်နှံ Ed နဲ့ Lorraine Warren တို့ရဲ့ နောက်ဆုံးအမှုတွဲ (Final Case) အဖြစ် ထွက်ရှိလာခဲ့တဲ့ ဇာတ်ကားပါ။
ဒီကားကို ဒါရိုက်တာ Michael Chaves က ရိုက်ကူးထားပြီး တကယ့်လက်တွေ့ဖြစ်ရပ်မှန် Smurl Haunting (၁၉၈၆ ခုနှစ်) ကို အခြေခံထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က Smurl မိသားစုရဲ့ အိမ်မှာ တစ္ဆေခြောက်လှန့်မှုတွေ၊ နတ်ဆိုးပူးကပ်မှုတွေ ဆိုးဆိုးရွားရွား ခံစားရတာကနေ စတင်ပါတယ်။ အစပိုင်းမှာ သူတို့ဟာ Warren ဇနီးမောင်နှံရဲ့ အကူအညီကို မရနိုင်ဘဲ ကိုယ့်ဘာသာ ရင်ဆိုင်ရင်း အခြေအနေတွေ ပိုဆိုးလာပါတယ်။ နောက်ပိုင်းမှာတော့ Ed နဲ့ Lorraine တို့ ပါဝင်လာပြီး သူတို့သမီးလေး Judy ပါ ဒီအမှုထဲမှာ ပတ်သက်လာကာ နောက်ဆုံး စိတ်လှုပ်ရှားစရာ နတ်ဆိုးနှင်ထုတ်ခြင်းကို ပြုလုပ်ကြရပါတယ်။
The Conjuring: Last Rites ဟာ သရဲကားကောင်းတစ်ကားအနေနဲ့ ကြည့်ရင်တော့ အရမ်းကြီး ထူးခြားမနေပေမယ့် Ed နဲ့ Lorraine Warren တို့ကို ချစ်မြတ်နိုးတဲ့ Fan တွေအတွက်တော့ မဖြစ်မနေ ကြည့်သင့်တဲ့ နှုတ်ဆက်ဇာတ်ကား တစ်ကားပါ။ Conjuring Universe ကတော့ထပ်ထွက်လာနိုင်ပေမဲ့ Warren ဇနီးမောင်နှံရဲ့ နောက်ဆုံးအမှုလို့လဲပြောကြလို့ ဒီဇာတ်ကားက နောက်ဆုံးဖြစ်ဖို့များပါတယ်။
AP
Comments: