The Conjuringဟာ ဒါရိုက်တာ James Wan ရိုက်ကူးခဲ့တဲ့ သဘာဝလွန် သည်းထိတ်ရင်ဖို (Supernatural Horror) ရုပ်ရှင်တွေထဲမှာ ခေတ်သစ် Horror လောကကို တစ်ကျော့ပြန် အသက်သွင်းပေးခဲ့တဲ့ လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းအနေနဲ့ တကယ့်လက်တွေ့ဘဝက နာမည်ကျော် သရဲအာရုံခံပညာရှင်လင်မယားဖြစ်တဲ့ Ed နဲ့ Lorraine Warren တို့ရဲ့ ဖြစ်ရပ်မှန်မှတ်တမ်းတစ်ခုကို အခြေခံထားတာပါ။ ၁၉၇၁ ခုနှစ်မှာ Rhode Island က အိမ်ဟောင်းကြီးတစ်ခုဆီ ပြောင်းရွှေ့လာတဲ့ Perron မိသားစုဟာ ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်ဆိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ Warren လင်မယားက လာရောက်ကူညီဖြေရှင်းပေးပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
James Wan ဟာ Jump Scare တစ်ခုတည်းကိုပဲ အားမကိုးဘဲ Atmosphere ကိုပါ ပညာသားပါပါ တည်ဆောက်သွားပါတယ်။ ဇာတ်လမ်းကို အစပိုင်းမှာ အေးအေးဆေးဆေးနဲ့ ပဟေဠိဆန်အောင် သွားပြီး ပရိသတ်ကို ဇာတ်ရှိန်ထဲ တဖြည်းဖြည်း ဆွဲခေါ်သွားပါတယ်။ ကင်မရာအလှည့်အပြောင်းတွေက အိမ်ထဲမှာ တစ်ယောက်ယောက် ရှိနေသလိုမျိုး ခံစားချက်ပေးစွမ်းနိုင်ပြီး လက်ခုပ်တီးတဲ့အခန်းလိုမျိုး အခန်းတွေက အတော်လေးကို ရင်ဖိုဖို့ကောင်းပါတယ်။
The Conjuring သည် Horror ပရိသတ်တွေအတွက်သာမက ရုပ်ရှင်ချစ်သူတိုင်း ကြည့်သင့်တဲ့ ကားကောင်းတစ်ကားပါ။ သွေးထွက်သံယို အလွန်အကျွံတွေထက် စိတ်ခြောက်ခြားစရာ ကောင်းတဲ့ ရသကို ပိုပေးနိုင်ပါတယ်။
AP
Comments: