Steven Spielberg ထုတ်လုပ်ထားတဲ့ Terra Nova (2011) ဟာ Sci-Fi ချစ်သူတွေကြားမှာ တော်တော်လေး ရေပန်းစားခဲ့တဲ့ Series တစ်ခုပါ။ "Jurassic Park နဲ့ Lost ကို ပေါင်းစပ်ထားသလိုမျိုး" ခံစားချက်ကို ပေးနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဥ်းအနေနဲ့ A.D. 2149 ခုနှစ်မှာ ကမ္ဘာကြီးဟာ လူဦးရေထူထပ်မှု၊ လေထုညစ်ညမ်းမှုတွေကြောင့် ပျက်စီးလုနီးပါး ဖြစ်နေပါပြီ။ လူသားတွေ ရှင်သန်ဖို့အတွက် သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၈၅ သန်းဆီကို ပြန်သွားနိုင်မယ့် Time Rift တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Shannon မိသားစုဟာ အဲဒီခေတ်ဟောင်းဆီကို ပြောင်းရွှေ့အခြေချဖို့ "Terra Nova" လို့ခေါ်တဲ့ ကိုလိုနီအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခေတ်မှာ သူတို့ကို စောင့်ကြိုနေတာက လှပတဲ့ သဘာဝတရားတင်မကဘဲ ကြောက်မက်ဖွယ်ရာ ဒိုင်နိုဆောတွေနဲ့ လျှို့ဝှက်ချက်များစွာ ရှိနေတဲ့ လူသားအုပ်စုတွေပဲ ဖြစ်ပါတယ်။
ဒီ Series ဟာ အဲဒီအချိန်က TV Series တွေထဲမှာ အကုန်အကျအများဆုံး (High-budget) ထဲမှာ ပါဝင်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ CGI နဲ့ ခေတ်ဟောင်းကမ္ဘာကြီးကို ပုံဖော်ထားတာက တကယ့်ကို အားရစရာပါ။ ဇာတ်လမ်းက Sci-Fi သက်သက်ထက် မိသားစုအတွင်းက ပြဿနာတွေ၊ ဆက်ဆံရေးတွေကို ပိုဇောင်းပေးထားပါတယ်။ ဒါဟာ အချို့ကြည့်ရှုသူတွေအတွက် "နည်းနည်းလေး ပျင်းစရာကောင်းတယ်" လို့ ခံစားရစေနိင်ပါတယ်။ ကိုလိုနီရဲ့ ခေါင်းဆောင် Commander Taylor (Stephen Lang) ရဲ့ နောက်ကြောင်းနဲ့ "Sixers" လို့ခေါ်တဲ့ ပုန်ကန်သူတွေကြားက လျှို့ဝှက်ချက်တွေက ဇာတ်လမ်းကို ဆွဲဆောင်မှုရှိစေပါတယ်။
Terra Nova ဟာ Season 1 အပြီးမှာတင် Cancel လုပ်ခြင်း ခံခဲ့ရပါတယ်။ အဓိက အကြောင်းရင်းကတော့ ရိုက်ကူးစရိတ် အရမ်းကြီးမားတာနဲ့ ကြည့်ရှုသူနှုန်းက ကုန်ကျစရိတ်နဲ့ မကာမိတာကြောင့်ပါ။ ဒါကြောင့် ဇာတ်လမ်းက အဆုံးထိ မရောက်ဘဲ အဆုံးသတ်သွားတာဟာ ပရိသတ်တွေအတွက် အနှမြောဆုံးအချက် ဖြစ်ခဲ့ပါတယ်။
AP
Comments: