James Wan ရဲ့ လက်ရာ Insidious ဟာ Modern Horror ကမ္ဘာမှာ Jump Scare နဲ့ Atmosphere ကို အကောင်းဆုံး ပေါင်းစပ်နိုင်ခဲ့တဲ့ ကားတစ်ကားပါ။ ဒီကားရဲ့ ထူးခြားချက်က သွေးထွက်သံယို  တွေထက် စိတ်ခြောက်ခြားစရာ Sound Design နဲ့ Visual တွေကို ပိုသုံးသွားတာပါပဲ။

Lambert မိသားစုဟာ အိမ်သစ်ကို ပြောင်းလာပြီးနောက်မှာ သူတို့ရဲ့ သားအကြီးဆုံး Dalton ဟာ အကြောင်းရင်းမရှိဘဲ သတိလစ်မေ့မြော (Coma) ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ ဆေးပညာအရဖြစ်တဲ့ Coma မဟုတ်ဘဲ သူ့ရဲ့ ဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲက ထွက်ခွာပြီး "The Further" လို့ ခေါ်တဲ့ မှောင်မိုက်တဲ့ နယ်မြေတစ်ခုမှာ ပိတ်မိနေတာကို သိလိုက်ရတဲ့အခါ...။

ဒီကားရဲ့ အကောင်းဆုံး Concept က "The Further" ပါပဲ။ သရဲခြောက်တယ်ဆိုတာထက် လူ့လောကနဲ့ ဝိညာဉ်လောကကြားက နေရာလွတ်တစ်ခုကို ပုံဖော်သွားတာဟာ အရမ်းကို တီထွင်ဖန်တီးမှု ကောင်းပါတယ်။ အဲဒီနေရာက မှောင်မိုက်ပြီး အေးစက်နေတဲ့ ခံစားချက်ကို ပရိသတ်ဆီ သေချာ ပေးနိုင်ခဲ့ပါတယ်။ Lipstick-Face Demon: ဒီသရဲက တကယ်ကို အမှတ်တရဖြစ်စေပါတယ်။ အထူးသဖြင့် မီးဖိုချောင်ထဲမှာ Josh (အဖေဖြစ်သူ) ရဲ့ နောက်မှာ ရုတ်တရက် ပေါ်လာတဲ့ အခန်းဟာ Horror သမိုင်းမှာ အကောင်းဆုံး Jump Scare တစ်ခုပါ။ Horror Fan တစ်ယောက်ဆိုရင် မကြည့်ရသေးရင် မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။

AP