Netflix မှာ ကြည့်ရှုနိုင်တဲ့ In the Tall Grass ကတော့ နာမည်ကြီး စာရေးဆရာ Stephen King နဲ့ သူ့ရဲ့သား Joe Hill တို့ ပူးတွဲရေးသားထားတဲ့ ဝတ္ထုတိုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ Conjuring တို့ Insidious တို့ရဲ့ မင်းသား Patrick Wilson ပါ၀င်ထားတဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။ ဒီမင်းသားကလဲ Horror ကားဆို သူမပါရင်ကို မကောင်းဘူးလို့ တောင်ပြောရမလိုပါပဲ။
ဇာတ်လမ်းအကျဥ်းအနေနဲ့ ကိုယ်ဝန်အရင့်အမာဖြစ်နေတဲ့ Becky နဲ့ သူမရဲ့အစ်ကို Cal တို့ဟာ ခရီးသွားရင်း လမ်းဘေးက မျက်စိတစ်ဆုံး မြက်ရိုင်းတောကြီးထဲက ကလေးတစ်ယောက်ရဲ့ အကူအညီတောင်းသံကို ကြားခဲ့ပါတယ်။ ကလေးကို ကူညီဖို့ မြက်တောထဲ ဝင်သွားရာကနေ သူတို့ကိုယ်တိုင် ပြန်ထွက်လို့မရတော့ဘဲ လမ်းပျောက်သွားပါတယ်။ အဲ့ဒီမြက်တောကြီးဟာ ရိုးရိုးမြက်တောမဟုတ်ဘဲ Time & Space တွေကို ကစားထားတဲ့ ကျိန်စာသင့်နေရာတစ်ခုဖြစ်နေတာကို ထိတ်လန့်ဖွယ် တွေ့ရှိရမှာပါ။
ဒီဇာတ်ကားရဲ့ ကောင်းတဲ့ အချက်လေးတေဆိုရင်တော့ မြက်တောထဲမှာ လမ်းပျောက်နေတဲ့ ခံစားချက်ကို ပရိသတ်တွေပါ တူတူခံစားရအောင် ရိုက်ကူးထားတာ အရမ်းတော်ပါတယ်။ အပေါ်စီးရိုက်ချက်တွေက မြက်တောရဲ့ ကျယ်ပြောလှပုံနဲ့ ခြောက်ခြားစရာကောင်းပုံကို ပေါ်လွင်စေပါတယ်။ သဘာဝတရား (မြက်တော) က လူတွေကို ဘယ်လိုခြောက်လှန့်နိုင်မလဲဆိုတဲ့ အယူအဆက အသစ်အဆန်းဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဒီမြက်တောကြီးထဲမှာ အချိန်ဟာ အတည့်အတိုင်း စီးဆင်းနေတာမဟုတ်ဘဲ စက်ဝိုင်းပုံစံ လည်ပတ်နေတာပါ။ ဇာတ်ကောင်တွေဟာ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က သူတို့ကိုယ်တိုင် ပြန်ပြန်တွေ့နေရတာ ဖြစ်ပါတယ်။ ဥပမာ - Travis က Becky ကို လိုက်ရှာဖို့ မြက်တောထဲဝင်လာပေမဲ့၊ တကယ်တမ်း သူဝင်လာတဲ့အချိန်မှာ Becky တို့က မြက်တောထဲ ရောက်နှင့်နေတာ (သို့မဟုတ်) သေဆုံးပြီးနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။
ဇာတ်လမ်းကိုကြည့်နေရင်း ကိုယ်တိုင် စဥ်းစားမိတဲ့အချက်ကတော့ Travis က Tobin ထမ်းပြီး အပြင်ကိုပဲ အပြီးထိ ထွက်သွားရင်ကော မရနိုင်ဘူးလား၊ မြက်ရိုင်းတေကို ခုတ်ပီး လမ်းရှာရင်ကော ရနိင်မလားဆိုပီးတောပါ။ နောက်ထပ် သံလိုက်အိမ်မြှောင် မရှိရင်တောင် နေထွက်ရာ လမ်းကြောင်းအတိုင်း တောက်လျှောက် တစ်ဖက်တည်းကိုပဲ ဦးတည်လျှောက်ရင် မြက်တောရဲ့ လှည့်စားမှုကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်မလားဆိုတာပါပဲ။
ပြောရရင်တော့ ဒီကားက Psychological Horror နဲ့ Supernatural အမျိုးအစားတွေကို ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ ကားတစ်ကားပါ။
AP
Comments: