၉၀ ခုနှစ်တွေရဲ့ အအောင်မြင်ဆုံး Action Comedy ကားတွေထဲက တစ်ကားဖြစ်တဲ့ Blue Streak ဇာတ်ကားဟာ မင်းသားကြီး Martin Lawrence ရဲ့ အကောင်းဆုံးလက်ရာတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီကားဟာ အခုထိလည်း ပြန်ကြည့်ရင် ရယ်နေရဆဲ ဂန္ထဝင်ဟာသကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းအနေနဲ့ Miles Logan (Martin Lawrence) ဟာ ကျွမ်းကျင်တဲ့ ရတနာခိုးသူတစ်ယောက်ပါ။ ဒေါ်လာ သန်း ၂၀ တန် စိန်တစ်လုံးကို ခိုးယူအပြီးမှာ ရဲတွေဝိုင်းတာ ခံရတဲ့အတွက် အနီးအနားက ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုရဲ့ လေဝင်လေထွက် ပိုက်လိုင်းထဲမှာ စိန်ကို ဝှက်ခဲ့ပြီး အဖမ်းခံလိုက်ပါတယ်။
ထောင်က ၂ နှစ်အကြာမှာ ပြန်လွတ်လာတဲ့အခါ သူဝှက်ထားတဲ့ စိန်ကို ပြန်သွားယူတော့မှ အဲ့ဒီအဆောက်အအုံဟာ ရဲစခန်း ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ သူဟာ စိန်ကို ပြန်ရဖို့အတွက် ရဲအယောင်ဆောင်ပြီး ရဲစခန်းထဲကို ခိုးဝင်ရာကနေ ရယ်စရာကောင်းတဲ့ အမှားအယွင်းတွေ၊ အမှုစစ်ဆေးမှုတွေနဲ့ ကြုံတွေ့ရပုံကို ရိုက်ကူးထားတာပါ။
ဒီကားရဲ့ အသက်က Martin Lawrence ပါပဲ။ သူဟာ "Detective Malone" အဖြစ် ရဲယောင်ဆောင်ပြီး ရဲတွေကြားထဲမှာ ပတ်ချာလည်နေပုံ၊ သူခိုးဖြစ်တဲ့အတွက် သူခိုးအကွက်တွေကို သိနေပြီး အမှုတွေကို ထူးထူးဆန်းဆန်း ဖြေရှင်းပြပုံတွေက အရမ်းရယ်ရပါတယ်။ အထူးသဖြင့် Pizza ပို့တဲ့သူအဖြစ် အယောင်ဆောင်တဲ့ အခန်းဟာ အမှတ်ရစရာ အကောင်းဆုံးပါ။
နောက်ဆုံးအနေနဲ့ကတော့ ဒီဇာတ်ကားက ဟာသကား ကြိုက်သူတွေအတွက် အကောင်းဆုံးဖြစ်မှာပါ။
AP
Comments: