၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ "Weapons" ရုပ်ရှင်ဟာ Barbarian ဒါရိုက်တာ Zach Cregger ရိုက်ကူးထားတဲ့ Mystery Horror အမျိုးအစားဖြစ်ပြီး ပရိသတ်နဲ့ ဝေဖန်ရေးဆရာတွေကြားမှာ အတော်လေး ရေပန်းစားနေခဲ့တဲ့ ကားတစ်ကား ဖြစ်ပါတယ်။ နောက်ပီးဒီဇာတ်ကား မှာထူးဆန်းတဲ့ Marketing ဆင်းတဲ့ ပုံဆံ‌လေးရှိပါတယ်။
ါရိုက်တာ Zach Cregger က"Weapons" ရုပ်ရှင်အတွက်  ဇာတ်ကားမထွက်ခင်ကတည်းက ဇာတ်လမ်းထဲက ပဟေဠိတွေကို အရိပ်အယောင်ပြထားတဲ့ Website လေးနဲ့ ဆွဲဆောင်ထားတာရှိပါတယ်။ Link လေးကိုလဲ အောက်မှာပေးထားပါတယ် ဇာတ်ကားမကြည့်ခင် ၀င်ကြည့် လိုက်ပါအုံး။
https://www.maybrookmissing.com/

ဇာတ်လမ်း အကျဥ်းအနေနဲ့ Pennsylvania ပြည်နယ်က Maybrook ဆိုတဲ့ မြို့လေးမှာ တစ်ညတည်း၊ တစ်ချိန်တည်း (မနက် ၂:၁၇ နာရီ) မှာ မူလတန်းကျောင်းသား ၁၇ ယောက်ဟာ သူတို့အိမ်တွေကနေ တစ်ပြိုင်နက်တည်း ထွက်ခွာပြီး ပျောက်ဆုံးသွားကြပါတယ်။ ထူးခြားတာက ကလေးတွေဟာ အဓမ္မခေါ်ဆောင်ခံရတာမျိုးမဟုတ်ဘဲ သူတို့ဘာသာသူတို့ လမ်းလျှောက်ထွက်သွားကြတာပါ။ ကျောင်းဖွင့်ချိန်မှာ ဆရာမဖြစ်သူ Justine Gandy (Julia Garner) က ကျောင်းသားတစ်ယောက်ပဲ ကျန်တော့တာကို တွေ့လိုက်ရတဲ့အခါ မြို့တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားပြီး ဒီပျောက်ဆုံးမှုရဲ့နောက်ကွယ်က အမှောင်ထုကို ရှာဖွေကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ဒီကားကို အခန်း (၆) ခန်းခွဲထားပြီး ဇာတ်ကောင်အသီးသီး (ဆရာမ၊ ရဲအရာရှိ၊ မူးယစ်ဆေးစွဲနေသူ၊ ကျောင်းအုပ်ကြီး စသဖြင့်) ရဲ့ ရှုထောင့်ကနေ ပဟေဠိကို တဖြည်းဖြည်းချင်း ဖော်ထုတ်သွားတာက တကယ့်ကို ကောင်းပါတယ်။

Josh Brolin, Julia Garner နဲ့ Alden Ehrenreich တို့ရဲ့ သရုပ်ဆောင်ချက်တွေက ကောင်းမွန်သလို၊ အထူးသဖြင့် စုန်းမကြီး Gladys အဖြစ် သရုပ်ဆောင်တဲ့ Amy Madigan ရဲ့ Acting က အတော်လေး ကျောချမ်းစရာကောင်းပါတယ်။

အားသာချက်အနေနဲ့ ဇာတ်လမ်းတည်ဆောက်ပုံက ခန့်မှန်းရခက်ပြီး နောက်ဆုံးအပိုင်း မှာ တော်တော်လေးကို အားရစရာကောင်းတဲ့ အဆုံးသတ်မျိုး ပေးထားပါတယ်။

အားနည်းချက်အနေနဲ့ကတော့ ဇာတ်လမ်းအလယ်ပိုင်းမှာ ရှင်းပြချက်တွေ နည်းနည်းများတာကြောင့် အချို့ပရိသတ်တွေအတွက် ဇာတ်ရှိန်အေးသွားသလို ခံစားရနိုင်ပါတယ်။ ဒီဇာတ်ကားက Action ကားမဟုတ်ဘဲ သဘာဝလွန် (Supernatural) နဲ့ စိတ္တဇခြောက်ခြားဖွယ်ရာ (Psychological Horror) ကားမျိုး ဖြစ်ပါတယ်။ Supernatural , Psychological Horror ကားမျိုးကြိုက်တဲ့သူတေအတွက်တော့ ကြည့်ရှုလို့အဆင်ပြေစေမဲ့ ဇာတ်ကားလေးပါ။

AP