“Shutter Island” ဟာ ဒါရိုက်တာ   Martin Scorsese ရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားထဲက အလွန်ထင်ရှားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပီး US marshal Teddy Daniels က စိတ်ရောဂါဆေးရုံရှိတဲ့ ကျွန်းတစ်ခုမှာ ပျောက်ဆုံးသွားတဲ့ လူနာတစ်ယောက်ကို စုံစမ်းစစ်ဆေးရာကနေ စိတ်လှုပ်ရှားစရာ twist တွေ ပြည့်နှက်လာတာကို ပြသထားပါတယ်။ Leonardo DiCaprio ရဲ့ သရုပ်ဆောင်ချက်ကလဲ emotion အပြည့်နဲ့ realistic ဖြစ်ပြီး trauma၊ guilt၊ insanity တွေကို အရမ်းကောင်းစွာ ပြသနိုင်ပါတယ်။ Storyline & Twist အနေနဲ့လဲ Ending twist က အရမ်း shocking ဖြစ်ပြီး ဇာတ်လမ်းပြီးမှ ပြန်စဉ်းစားရတဲ့  ရုပ်ရှင်တစ်ကားပါ။


Dark mood၊ suspense music တွေက ကြည့်ရှုသူတေကို tension အပြည့်ဖြစ်စေပါတယ်။ 


လူတိုင်းမကြိုက်နိုင်တဲ့အချက်က ဇာတ်လမ်းက အေးပီး mystery ဖြစ်လို့ action movie ကြိုက်သူတွေ ကြည့်နေရင်းနဲ့ ပျင်းလာနိုင်ပါတယ်။ Ending ကို အလွယ်တကူ နားမလည်နိုင်သူတွေလည်းရှိနိုင်ပါတယ်။ Thriller + mystery ကြိုက်တဲ့ သူတေကတော့ ဒီရုပ်ရှင်ကို အရမ်းသဘောကျနိုင်ပါတယ်။ အထူးသဖြင့် Fight Club, Inception လို ကြည့်နေရင်းကို စဉ်းစားနေရတဲ့ ရုပ်ရှင်ကြိုက်သူတွေအတွက်အသင့်တော်ဆုံး ရုပ်ရှင်တစ်ကားပါ။


Story, acting, twist အရ အကောင်းဆုံး psychological thriller တစ်ကားပါ။ Reality နဲ့ Madness ကြားက စိတ်ပညာဇာတ်လမ်း ကို ကြိုက်ရင် Shutter Island ကို မဖြစ်မနေ ကြည့်သင့်ပါတယ်။


 Rating


9 / 10 



AP